ဖတ်၊ စဉ်းစား၊ ပြန်ရှင်းပြ — အတန်းမှာ တွဲသုံးနည်း

ဆရာမက အဓိကအချက်ကို တိုတိုရှင်းပြီး ကျောင်းသားတွေ ကိုယ်တိုင်ဖတ်၊ ဆွေးနွေး၊ လေ့ကျင့်နိုင်ပါတယ်။

  1. ဒီအပိုင်းပြီးရင် ဘာနားလည်ရမလဲ ပြောပါ။ ဆရာမက ရည်ရွယ်ချက်တစ်ချက်နဲ့ လုပ်ရမယ့်အလုပ်ကို တိုတိုပြောပါ။ Website ကို Zoom မှာ မျှဝေပြနိုင်သလို ကျောင်းသားတွေကို ကိုယ်ပိုင်ဖုန်းနဲ့ ဖွင့်ဖတ်ခိုင်းနိုင်ပါတယ်။
  2. နမူနာကို ကိုယ်တိုင်ဖတ်ခိုင်းပါ။ အပေါ်မီနူးက “နမူနာများ” ကို နှိပ်ပြီး သင်ခန်းစာကို ရွေးပါ။ နမူနာတစ်ခုဖတ်ပြီး ဘာကြောင့် ဒီလိုဆုံးဖြတ်သလဲဆိုတာ တစ်ကြောင်းရေးခိုင်းပါ။
  3. ကျောင်းသားတစ်ဦးကို ပြန်ရှင်းပြခိုင်းပါ။ လိုအပ်ရင် နှစ်ယောက်တစ်တွဲ ဆွေးနွေးခိုင်းပါ။ ဆရာမက စာပိုဒ်အားလုံး ပြန်ဖတ်မပြဘဲ လွဲနေတဲ့ အဓိကအချက်ကိုသာ ဖြည့်ရှင်းပေးပါ။
  4. လေ့ကျင့်ခန်းကို အရင်ဖြေခိုင်းပါ။ ရွေးချယ်မှုရဲ့ အကြောင်းရင်းကို အရင်မေးပြီးမှ “အဖြေပြရန်” ကို ဖွင့်ပါ။ မိသားစုအမည်၊ ဖောက်သည်အမည်နဲ့ လုပ်ငန်းရဲ့ လျှို့ဝှက်ကိန်းဂဏန်းတွေကို မမျှဝေခိုင်းပါနှင့်။
  5. အဓိကအချက်တစ်ခုနဲ့ ပိတ်ပါ။ “ဒီနေ့နားလည်သွားတာတစ်ခု၊ မရှင်းသေးတာတစ်ခု” ကို ပြောခိုင်းပါ။ အိမ်စာနဲ့ activity ဓာတ်ပုံတင်ဖို့ လိုမလိုကို သင်ခန်းစာအဆုံးက ညွှန်ကြားချက်အတိုင်းသာ လိုက်နာပါ။

အပေါ်က အပိုင်းခလုတ်တွေကို နှိပ်ရင် လိုချင်တဲ့အပိုင်းဆီ ချက်ချင်းရောက်ပါတယ်။ အောက်ကို ဆွဲဖတ်လည်း ရပါတယ်။ အမဲရောင်က လက်ရှိဖတ်နေတဲ့အပိုင်းကိုသာ ပြတာဖြစ်ပြီး ဖတ်ပြီးကြောင်း၊ နားလည်ပြီးကြောင်း ဒါမှမဟုတ် အမှတ်ရကြောင်း မဆိုလိုပါဘူး။ Zoom မှာ တစ်ပိုင်းစီ ပြချင်ရင် “တစ်ပိုင်းချင်းပြရန်” ကို သုံးပါ။ တစ်ပိုင်းချင်းပြနေစဉ်မှာလည်း အပေါ်မီနူးက “နမူနာများ” ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။